ယေဇူးခရစ်တော်ဘုရားရှင်ရဲ့သင်္ချိုင်းဂူဟာ အိန္ဒိယနိုင်ငံ ကက်ရှမီးယားပြည်နယ်ရှိ၊ ရှရှိနာဂါအပိုင်၊ ကန်ဒီယာန် ဒီစကြိတ်တွင်တည်ရှိသည်ဆိုသည်မှာ လုံးဝမှန်ကန်မှုမရှိပါ။ မှားယွင်းသောပြောဆိုချက်သာ ဖြစ်ပါသည်။ ပလီဝတ်ကျောင်းအတွင်းမှာ အုတ်ဂူပြုလုပ်၍၊ ခရစ်တော်၏အုတ်ဂူသင်္ချိုင်းအဖြစ် စာတမ်းထိုး၍၊ ပြတိုက်အသွင်ဖန်တီးပြီး၊ ခရစ်ယာန်ဘာသာကိုဖျက်စီးရန် ကြိုးစားခြင်း တစ်ရပ်သာဖြစ်ပါသည်။ ဒီလိုထွင်ဇာတ်တွေကြောင့်၊ ခရစ်တော်ဘုရားရှင်ဟာအငြိမ်မနေရပဲ၊ ခရစ်တော်ရှင်ဟာ ခုတိဗက်ပြည်ကမွန်ဘုန်း ကြီးကျောင်းမှာ ဗုဒ္ဓဘာသာအနေနှင့် ရဟန်းခံခဲ့တယ်ပြောလိုက်၊ တော်ကြာ ကက်ရှမီးယားမှာ မူဆလင်ဘဝနဲ့ အသက် ၁၂ဝ ထိနေခဲ့တယ် ပြောလိုက်စသဖြင့်၊ ခရစ်တော်ရှင်နဲ့ပက်သက်ပြီး ထွင်ချင်တိုင်းထွင်နေတဲ့ ထွင်ဇာတ်တွေဟာ အတော်ကိုများနေပါပြီ။ ထွင်ဇာတ်တွေကို သေသေချာချာလေ့လာလိုက်ပြီဆိုလျှင် သမိုင်းခုနှစ်လွဲနေရတာနဲ့၊ တစ်ခုနှင့်တစ်ခုရှေ့နောက်မညီ၊ ဆန့်ကျင်ဘက်တွေဖြစ်နေရတာနဲ့၊ မမှန်ကန်ကြောင်းပေါ်လွင်နေတာကို လေ့လာသိရှိနေရတယ်ဆိုတော့ 'ပတ္တမြားမှန်လျှင် နွံမှာနစ်သော်လည်းမညစ်' ဆိုသောစကားပုံဟာ မှန်လှပါသည်။ သမိုင်းမှန်ကိုလိမ်ညာ၍မရပါ။
ယေဇူးခရစ်တော်ဘုရားရှင်ရဲ့သင်္ချိုင်းဂူဟာ အိန္ဒိယနိုင်ငံ ကက်ရှမီးယားပြည်နယ် ရှရှိနာဂါအပိုင် ကန်ဒီယာန်ဒီစတြိတ်မှာတည်ရှိ တယ်ဆိုတဲ့ထွင်ဇာတ်ဖြစ်ကြောင်းနဲ့ ဘယ်မှာစတင်ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့အချက်များကို ဆက်လက်ဖြေကြားပေးပါ့မယ်။
အင်တာနက်ထဲက ဝီကီပီဒီယာဖရီးစွယ်စုံကျမ်းကိုအခြေပြုပြီး လေ့လာဖြေကြားပေးပါ့မယ်။ ခရစ်တော်ဘုရားရှင်ဟာ လက်ဝါးကပ် တိုင်ပေါ်မှာတင်သတ်တော့ မသေပဲအိန္ဒိယပြည်ကိုထွက်ပြေးခဲ့ပြီး ကက်ရှမီးယားမှာပုန်းရှောင်နေခဲ့တယ်ဆိုပြီး မူဆလင်ဂိုဏ်းများထဲကတစ် ဂိုဏ်းဖြစ်တဲ့ အာမာ့ဒီးယားအစ္စလာမ်ဂိုဏ်းမှ မူဆလင်တစ်ချို့ရဲ့ထွင်လုံးမှထွက်ပေါ်ခဲ့တဲ့ထွင်ဇာတ်ဖြစ်ပါတယ်။ ဦးစွာအာမာ့ဒီးယား အစ္စလာမ်ဂိုဏ်းဂဏအကြောင်းကို လေ့လာပြီးဖော်ပြပေးပါ့မယ်။
အာမာ့ဒီးယားအစ္စလမ်ဂိုဏ်းဟာ ၁၉ ရာစုဖြစ်တဲ့ ၁၈၈၉ ခုနှစ်က မီရ်ဇာဂူလမ်အာမတ်လို့အမည်ရတဲ့ပုဂ္ဂိုလ်ကနေ အိန္ဒိယ နိုင်ငံ ဏကညဘြေ ပန်ဂျပ်ပြည်နယ် ကန်ဒီယာန်ျှေိငညေ အရပ်ဒေသမှာ တည်ထောင်ခဲ့တဲ့အစ္စလာမ်အသင်းဂိုဏ်းကွဲတစ်ခုဖြစ်ပါတယ်။ မီရ်ဇာဂူလမ်အာမတ်ကနေ ထာဝရဘုရားသခင် ကတိထားတော်မူခဲ့တဲ့ မက်ဆီးယားကယ်တင်ရှင်ဟာ ယေဇူးခရစ်တော်မဟုတ်ဘူး။ မိမိသာလျှင် မက်ဆီးယားကယ်တင်ရှင်ဖြစ်တယ်လို့သွန်သင်ခဲ့ပါတယ်။ မီရ်ဇာဂူလမ်အာမတ်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အရိုက်အရာဆက်ခံသူအဖြစ် မော်လဝီပလီဆရာ 'နူးအာဒ်ဒင်' ဟာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ နူးအာဒ်ဒင် မော်လဝီပလီဆရာကြီးလည်း ကွယ်လွန်ပြီးရော ၁၉၁၄ ခုနှစ်မှာပဲ အာမာ့ဒီးယားအစ္စလာမ်ဂိုဏ်းဟာ နှစ်ဂိုဏ်းထပ်ကွဲခဲ့ပါတော့တယ်။ အဲဒီဂိုဏ်းနှစ်ဂိုဏ်းကတော့ အိန္ဒိယနိုင်ငံထဲမှာရှိတဲ့ ကန်ဒီယာန်ျှေိငညေ နယ်သား အာမာဒီးယားအစ္စလာမ်များနဲ့၊ ပါကစ္စတန်နိုင်ငူံသေ့မန နယ်သား အာမာ့ဒီးယား အစ္စလာမ်များရယ်လို့ ဂိုဏ်းနှစ်ဂိုဏ်းထပ်မံကွဲသွားခဲ့ပါတော့တယ်။ အဲဒီဂိုဏ်းနှစ်ဂိုဏ်းပေါင်းဦးရေမှာ ကမ္ဘာပေါ်မှာသန်းပေါင်း (၁၇ဝ) ရှိပါတယ်။ ကန်ဒီယာန်ျှေိငညေ နယ်သား အာမာဒီးယားအစ္စလာမ်များကနေ သူတို့ရဲ့အသင်းဂိုဏ်းထူထောင်သူ မီရ်ဇာဂူလမ်အာမတ်ကို နောက်ဆုံးပရောဖက်ဖြစ် လက်ခံခဲ့ကြပါတယ်။ ပါကစ္စတန်နိုင်ငံရှိ လာဟော (ူသ့သမန) နယ်သား အာမာ့ဒီးယား အစ္စလာမ်များ ကတော့ သူတို့ရဲ့အသင်းဂိုဏ်းတည်ထောင်သူ မီရ်ဇာဂူလမ်အာမတ်ကို ပရောဖက်အဖြစ်လက်မခံပါ။ မိုဟာမတ်သာလျှင် နောက်ဆုံးပရော ဖက်ဖြစ်တယ်လို့လက်ခံထားပြီး မီရ်ဇာဂူလမ်အာမတ်ဟာ အစ္စလာမ်ဘာသာကို ပြုပြင်သူအဖြစ်လက်ခံခဲ့ပါတယ်။ အာမာ့ဒီးယား အစ္စလာမ်များရဲ့ ယုံကြည်ချက်သွန်သင်ချက်ကတော့ ဘုရားတစ်ဆူတည်းဖြစ်ခြင်း၊ ကိုးကွယ်မှုဘာသာလည်း တစ်ဘာသာတည်းဖြစ်ခြင်း၊ ကမ္ဘာပေါ်ရှိလူမျိုးဟာ တစ်လူမျိုးတည်းဖြစ်ခြင်းဆိုတဲ့အချက်ကို ယုံကြည်လျက်သွန်သင်ကြပါတယ်။ ဒါကြောင့် အာမာ့ဒီးယားအစ္စလာမ် များဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့လူမျိုးများအားလုံးကို တစ်လူမျိုးတည်းဖြစ်အောင်၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ဘာသာတရားများကို တစ်ဘာသာ တည်းဖြစ်အောင် အားလုံးအတူတကွ တစ်ဆူတည်းသောဘုရားရှင်ကို ကိုးကွယ်ဘို့ဆိုပြီး သူတို့ကြိုးစားနေကြခြင်းဖြစ်ပါတယ်။ အာမာ့ဒီးယား အစ္စလာမ်များဟာ အိန္ဒိယနိုင်ငံပန်ဂျပ် ဏကညဘြေ ပြည်နယ် ကန်ဒီယာန်ျှေိငညေ ဒစ်စတြိတ်မှာ စတင်ပေါ်ပေါက်ခဲ့ပေမဲ့ အများစုဟာ ပါကစ္စတန်နိုင်ငံမှာ မှီတင်းနေထိုင်ကြသူများဖြစ်ကြပါတယ်။ အာမာ့ဒီးယားဂိုဏ်းမှမွတ်ဆလင်များဟာ အသင်းဂိုဏ်းတည်ထောင်သူ မီရ်ဇာဂူလမ်အာမတ်ကို လက်ခံပုံလက်ခံနည်းကကွဲနေတဲ့အတွက် သွန်သင်မှုတွေမတူညီတာတွေကိုလည်းတွေ့ရှိရပါတယ်။ အိန္ဒိယနိုင်ငံ ကန်ဒီယာန်ျှေိငညေ နယ်ရှိ အာမာ့ဒီးယားမွတ်စလင်များဟာ မိမိတို့ရဲ့အသင်းဂိုဏ်းတည်ထောင်သူ မီရ်ဇာဂူလမ်အာမတ်ကိုနောက်ဆုံး ပရောဖက်အဖြစ်ြေ<ွကးကြော်နေကြတဲ့အတွက် တကယ့်စစ်မှန်တဲ့မူရင်းအစ္စလာမ်များရဲ့ယုံကြည်ချက်နဲ့သွန်သင်မှုများဖြစ်တဲ့ တမန်တော် မိုဟာမက်သာလျှင် နောက်ဆုံးပရောဖက်ဖြစ်သည်ဆိုတဲ့အချက်ကိုဆန့်ကျင်နေတဲ့အတွက် အိန္ဒိယနိုင်ငံ ကန်ဒီယာန်ျှေိငညေ နယ်သား အာမာ့ဒီးယားမူဆလင်များကို မူဆလင်ကမ္ဘာကနေ ဒိဋ္ဌိများ၊ အယူလွဲမှားသူများအဖြစ်သတ်မှတ်ထားပြီး မူဆလင်များဟုပင်လက်မခံကြ တော့ပေ။ ဤကဲသို့မူဆလင်ကမ္ဘာက မူဆလင်အဖြစ်လက်မခံကြသော်လည်း သူတို့ကိုသူတို့မူ မူဆလင်များဟုပင် သတ်မှတ်ထားကြတာကို လေ့လာသိရှိရပါတယ်။ အချို့သောအာမာ့ဒီးယားအစ္စလာမ်တို့ရဲ့ ယုံကြည်ခြင်းနဲ့သွန်သင်ချက်မှာ၊ အသင်းဂိုဏ်းတည် ထောင်သူမီရ်ဇာဂူ လမ်အာမတ်ဟာ ပရောဖက်မိုဟာမက်အနေနြဲ့<ွကလာတဲ့ပုဂ္ဂိုလ်ဖြစ်သလို၊ ယေဇူးခရစ်တော်ဝင်စားတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်လို့ ယုံကြည်ကြပါ တယ်။ နောက်ပြီး ဟိန္ဒူတွေကိုးကွယ်နေတဲ့ခရစ်သျှနားနတ်ဘုရားလည်းဖြစ်တယ်လို့ ယုံကြည်သူကယုံကြည်ပြီး သွန်သင်နေသူက သွန်သင်နေတာကို အာမာ့ဒီးယားအစ္စလာမ်များနဲ့ပက်သက်တဲ့ စာပေအရေးအသားများကိုလေ့လာခြင်းအားဖြင့် သိရှိရပါတယ်။ မီရ်ဇာ ဂူလမ်အာမတ်ဟာ မိုဟာမက်အနေနဲ့ ၊ ခရစ်တော်အနေနဲ့၊ ဟိန္ဒူတွေရဲ့နတ်ဘုရားခရစ်သျှနားအနေနဲ့ြ<ွကလာတယ်လို့ယူဆပြီး ရှင်ဂေါဒမ ဗုဒ္ဓအနေနြဲ့<ွကလာခြင်းလို့ြေ<ွကးကြော်မှုမပြုတာဟာဖြင့် ထူးဆန်းနေပြန်ပါတယ်။
ခရစ်တော်ဘုရားရှင်ရဲ့သချိုင်းဂူ အိန္ဒိယနိုင်ငံ ကက်ရှမီးယားပြည်နယ်ရှိ ရှရှီနာဂါတပိုင် ကန်ဒီယာန်ဒီစတြိတ်တွင် တည်ရှိသည် ဆိုတဲ့အချက်ဟာ ၁၉၄၈ နှစ်နောက်ပိုင်းမှ အာမာ့ဒီးယားအစ္စလာမ်အသင်းဂိုဏ်းမှထွင်လိုက်တဲ့ ထွင်ဇာတ်တစ်ခုသာ ဖြစ်ကြောင်းသိရှိရ ပါတယ်။ ခရစ်တော်ဘုရားရှင်ရဲ့အလောင်းတော်မြှုပ်နှံခဲ့ရာဂူသချိုင်းဟာ အစ္စရေးပြည်မှာယနေ့တိုင်ရှိပါတယ်။ အဲဒီသင်္ချိုင်းဂူကပဲသုံးရက် မြောက်တဲ့နေမှာ ပြန်ရှင်ထမြောက်ခဲ့တာပါ။
သူတို့တတွေဟာ အိန္ဒိယနိုင်ငံ ကက်ရှမီးယားမှာရှိတဲ့ပလီဝင်းထဲမှာ သင်္ချိုင်းအုတ်ဂူတစ်ခုကိုပြုလုပ်၍ ' ယူဆပ်ဖ်ဂျိုးဇက်၏သား ယေဇူး၏သင်္ချိုင်းဂူ' လို့ စာတမ်းထိုးအဖြစ်ရေးသားပြီးကြေငြာခဲ့ကြသလို စာပေရေးသားမှုပြုခဲ့ကြပေမယ့်လည်း ၂ဝ ရာစုအစောပိုင်း မှာအာရုံစိုက်သူမရှိခဲ့ပါ။
ဘုန်းကြီးပင်လျှင် ၁၉၇၄ ခုနှစ် ပြင်ဦးလွင်မှာပညာသင်နေစဉ် မြန်မာဘာသာပြန်ဖတ်ခဲ့ဖူးပါတယ်။ အဲဒီစာအုပ်ထဲမှာပြထားတဲ့ပုံ ကတော့ မန္တလေးပုဏ္ဏားကုန်းကအဆောက်အဦးပုံစံထရံကပ်သွပ်မိုးအောက်ကအုတ်ဂူပုံဖော်ပြထားပါတယ်။ အခုတစ်ခါအင်တာ နက်ထဲမှာကော၊ စာပေကျမ်းဂန်တွေထဲမှာလေ့လာလိုက်တော့ ဖော်ပြထားပုံဟာတစ်မျိုးဖြစ်နေပါတယ်။
အခုတဖန်ခရစ်တော်သည် ကက်ရှမီးယားမှာ မူဆလင်ဘဝနဲ့အသက် (၁၂ဝ) ထိနေထိုင်ခဲ့တယ်ဆိုတဲ့အချက်ကို မှားယွင်းနေ ကြောင်းသမိုင်းအထောက်အထားများနဲ့အဖြေပေးချင်ပါတယ်။ အသက် (၁၂ဝ) အထိ မူဆလင်ဘဝနဲ့ရှင်သန်ခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်က တော့ အေဒီ (၁၂ဝ) အထိ အသက်ရှင်ခဲ့တယ်လို့ဆိုလိုခြင်းဖြစ်တယ်။ မူဆလင်ဘဝနဲ့ အေဒီ (၁၂ဝ) ထိရှင်သန်ခဲ့တယ်ဆိုတဲ့အချက်ဟာ သမိုင်းအရမှားယွင်းနေပါတယ်။ မူဆလင်ဘာသာကိုတည်ထောင်သူ ပရောဖက်မူဟာမက်ဟာ အေဒီ (၅၇ဝ) ခုနှစ်ပတ်ဝန်းကျင်မှာ မွေးဖွားခဲ့ပြီး မူဆလင်ဘာသာဟာ အေဒီ (၆၁ဝ) ခုနှစ်မှာ မက္ကာမြို့မှအစပြုခဲ့ကြောင်း အစ္စလာမ်သမိုင်းအရသိရှိရပါတယ်။ ခရစ်တော် ဘုရားရှင်ဟာ အေဒီ (၁၂ဝ) ခုနှစ်ထိရှင်သန်ခဲ့အုံးတော့ ကမ္ဘာပေါ်မှာမူဆလင်များမရှိသေးပါ။ အစ္စလာမ်ဘာသာ မပေါ်ပေါက်ခဲ့သေးပါ။ ပရောဖက်မူဟာမက်သည်ပင်လျှင် ကမ္ဘာပေါ်မှာမမွေးဖွားခဲ့သေးပါ။ ထွင်ဇာတ်ဖြစ်ကြောင်းပေါ်လွင်နေပါတယ်။
အခုထပ်မံ၍ရှင်းပြရမယ်ဆိုရင် ခရစ်တော်ဘုရားရှင်နဲ့ ခရစ်တော်ဘုရားရှင်ရဲ့အုတ်ဂူသင်္ချိုင်းအစစ်အမှန်တည်ရှိရာနေရာကို သမိုင်းအထောက်အထားများနဲ့ဆက်လက်ပြီးတင်ပြပေးပါမယ်။
ခရစ်တော်ဘုရားရှင်နဲ့ ပတ်သက်လာပြီဆိုရင် ကျွန်ုပ်တို့ခရစ်ယာန်တွေက သမ္မာကျမ်းချက်တွေနဲ့လှည့်ပတ်ပြီးသက်သေပြလေ့ရှိ ပါတယ်။ မှန်လည်းမှန်ပါသည်။ သမ္မာကျမ်းစာတော်မြတ်ဟာ ဘုရားရှင်ရဲ့နှုတ်ကပတ်တရားတော်ဖြစ်သလို၊ ကယ်တင်ခြင်းသမိုင်းလည်း ဖြစ်ပါတယ်။ ခရစ်တော်ဘုရားရှင်ကိုယုံကြည်သက်ဝင်ကြတဲ့ ခရစ်ယာန်တွေအတွက်တော့ပြဿနာမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ခရစ်ယာန်တွေက ယုံကြည်လက်ခံထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ခရစ်ယာန်မဟုတ်သော အခြားဘာသာကိုယုံကြည်သက်ဝင်သူများ အတွက်တော့ သမ္မာကျမ်းချက်နဲ့ထောက်ပြသက်သေပြတာကို လက်ခံနိုင်သူရှိသလို၊ လက်မခံနိုင်သူတွေလည်းရှိပါတယ်။ ဒီကနေ့ ခရစ်တော် ဘုရားရှင်ဟာ ဒဏ္ဍာရီထဲကပုဂ္ဂိုလ်မဟုတ်ဘဲ တကယ်ရှိခဲ့တဲ့သမိုင်းဝင်ပုဂ္ဂိုလ်တစ်ပါးဆိုတာကို ခရစ်ယာန်မဟုတ်တဲ့ နာမည်ကြီးသမိုင်းရေး ဆရာကြီး င်္ူလေငကျဲသျနစ့ကျ ရေးသားတဲံ့ငျအသမပ သ် အ့န ဲနတင့် ႊၽေမ နဲ႔ ဗညအငဆကငအအငန် သ္ အ့န ဲနတ် လို့ အမည်ရတဲ့ သမိုင်းစာအုပ်နှစ်အုပ်မှ သမိုင်းအထောက်အထားတွေနဲ့ ကောက်နုတ်တင်ပြပေးချင်ပါတယ်။ အဲ့ဒီသမိုင်းစာအုပ်နှစ်အုပ်ကို ဦးစွာ ဗမောငေခ ဘာသာစကားနဲ့ရေးသားခဲ့ပြီး ဂရိဘာသာစကားနဲ့လည်းရေးသားခဲ့ပါတယ်။ ဒီလိုအထင်ကရနာမည်ကြီး ဂျူးသမိုင်းရေးဆရာကြီးရဲ့ အထ္ထုပတ္တိသမိုင်းအကျဉ်းချုပ်ကို ဦးစွာဖော်ပြပေးပါမယ်။ သူ့ရဲ့ရာဇာဝင်ကိုသိမှ သူရဲ့အရေးအသားဟာ ဘယ်အတိုင်းအတာအထိ ခိုင်လုံတယ်၊ စိတ်ချရတယ်ဆိုတာသိရမှာဖြစ်ပါတယ်။
ဂျူးသမိုင်းဆရာကြီး င်္ူလေငကျဲသျနစ့ကျ ဟာ အေဒီ (၃၇) ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ သူရဲ့မွေးရပ်ဇာတိကတော့၊ အစ္စရေးပြည် ဂျေရုစလင်မြို့ဖြစ်ပါတယ်။ င်္ူလေငကျဲသျနစ့ကျ သည် ပထမရာစုနှစ်မှာ အထင်ကရနာမည်အကျော်ဆုံး သမိုင်း ဆရာကြီးတစ်ဦးဖြစ်ပါတယ်။ အေဒီ (၆၆) ခုနှစ်မှ (၇၃) ခုနှစ်အထိ ရောမအစိုးရကိုတော်လှန်ခဲ့တဲ့နေရာမှာ ရှေ့တန်းကပါဝင်ခဲ့သူဖြစ် ပါတယ်။ ဂျူးသမိုင်းရေးဆရာကြီး င်္ူလေငကျဲသျနစ့ကျ ဟာ ဂျူးလူမျိုးတွေရဲ့ယာဇ်ပုယောဟိတ်မျိုးနွယ်နဲ့ဘုရင်အမျိုးနွယ်မှဆင်းသက် လာသူဖြစ်ပါတယ်။ ဒီသမိုင်းရေးပုဂ္ဂိုလ်ကြီးရဲ့ဂျုးနာမည်စစ်စစ်ကတောဲ့သျနစ့ ဘနည အြေ့ငျေ ပဲဖြစ်ပါတယ်။ ဘယ်လိုလုပ်ပြီးရောမ နာမည်ကိုခံယူခဲ့တာလည်းဆိုရင် သူဟာဂါလီလေနယ်စားစော်ဘွားဖြစ်ခဲ့ပါတယ်။ အေဒီ (၆၆) ခုနှစ်မှာ ရောမအစိုးရကို သူကိုယ်တိုင်ဦး ဆောင်ပြီးတော်လှန်ရေးဆင်နွှဲခဲ့ပါတယ်။ ရောမတွေရဲ့ ဠန်စေ်ငေည စစ္တပ္ကေန ရက်သတ္တပတ် (၇) ရက်တိတိ အဝိုင်းခံလိုက်ရတော့ လက်နက်ချအရှုံးပေးခဲ့ရပါတယ်။ ဠန်စေ်ငေည ဟာဘုရင်ဖြစ်လာတော့ သူဟာမျက်နှာရသူဖြစ်ခဲ့ပါတယ်။ ဒါကြောင့် င်္ူလေငညေ ဆိုတဲ့ ရောမ နာမည်ကိုပါ မိမိကိုယ်ကိုမှည့်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဂျူးသမိုင်းရေးဆရာကြီး င်္ူလေငကျဲသျနစ့ကျ ဟာ ဂျူးလူမျိုးတွေရဲ့ လောကတွင် သာမက ရောမတစ်ခွင်မှာပင် နာမည်ကျော်ဂျူးသမိုင်းရေးပုဂ္ဂိုလ်ကြီးအဖြစ်လူသိများခဲ့ခြင်းဖြစ်တယ်။ သူဟာခရစ်တော်ဘုရားရှင်ကို ယုံကြည်သက်ဝင်သူခရစ်ယာန်မဟုတ်တဲ့အတွက် သူ့ရဲ့သမိုင်းအရေးအသားများကလည်း သမ္မာကျမ်းစာအပြင်ဘက်နေ ခရစ်တော်ဘုရား ရှင်နဲ့ခရစ်တော်ရှင်ရဲ့သာသနာတော်အတွက် ခိုင်လုံမှုတစ်ရပ်ကိုပေးထားတဲ့ အရေးအသားတစ်ရပ်ဖြစ်နေပါတယ်။ သူရဲ့သမိုင်းအရေး အသားများကိုလည်းလေ့လာဘို့လွယ်ကူရအောင်ဆိုပြီး ပညာရှင်များက အခန်းကြီး အခန်းငယ်များကို ခွဲခြားပေးထားတာကိုတွေ့ရပါတယ်။
ဥပမာ ဗညအငဆကငအငနျ သ် အ့နဲနတျ 'ဂျူးလူမျိုးတို့၏ ရှေးခေတ်တွင်ပေါ်ထွန်းခဲ့သည့် ပညာရှင်များသမိုင်း' အခန်းကြီး ၁၈၊ အခန်းငယ် ၃ မှ တတိယမြောက်အပိုဒ်ထဲမှာသမိုင်းသွင်းထားချက်ကတော့ 'ဥာဏ်ပညာအမျှော်အမြင်နှင့် ပြည့်စုံသောယေဇူးဟု အမည်တွင်သော ပုဂ္ဂိုလ်တစ်ပါးပေါ်ထွန်းခဲ့သည်။ သူသည် အံ့ဖွယ်တန်ခိုးအမျိုးမျိုးကိုပြတော်မူခဲ့သူဖြစ်သည်။ သူ၏သွန်သင်ချက်များ၌ သစ္စာသမ္မာတရားနှင့်နှစ်သိမ့်အားရမှုများကိုရရှိကြသဖြင့် များစွာသောဂျုးလူမျိုးများနှင့်တကွ၊ ဂျူးလူမျိုးမဟုတ်သော လူမျိုးခြားများကိုပင် ဆွဲဆောင်နိုင်ခဲ့သူဖြစ်သည်။ သူသည်ခရစ်တော်ဖြစ်သည်။ ပီလာတူးမင်းသည် လူထု၏အကြံပြုချက်အတိုင်း လက်ဝါးကပ်တိုင်၌သူ့အား တင်သတ်ခဲ့သည်။ သူ့အားဦးစွာချစ်မြတ်နိုးကြသောပုဂ္ဂိုလ်များသည် သူ့အားစွန့်ပယ်မှုမပြုကြပေ။ အဘယ်ကြောင့်ဆိုသော် သူသည်တတိယ မြောက်သောနေ့၌ သေခြင်းမှတစ်ဖန်ပြန်လည်ရှင်ပြန်ထမြောက်တော်မူပြီး သူတို့အားမိမိကိုယ်ကိုကိုယ်ထင်ရှားပြတော်မူခြင်းကြောင့်တစ် ချက်၊ ပရောဖက်များက သူနှင့်ပတ်သက်သောအနာဂတ္တိစကားများကိုကြိုတင်ဟောထားခြင်းကြောင့်တစ်သွယ်၊ သူကိုယ်တိုင်ပြုခဲ့သော တန်ခိုးအာနုဘော်တော်များကြောင့်ပင်ဖြစ်သည်။ သူ၏နောက်လိုက်များသည် မိမိတို့ကိုယ်ကိုမိမိတို့ ခရစ်ယာန်များဟုပင် ယနေ့ထိတိုင် ခေါ်ဝေါ်ကြသည်'လို့ လေ့လာမှတ်သားရပါတယ်။ သူ့ရဲ့သမိုင်းအရေးအသားထဲမှာ ခရစ်တော်နဲ့ပက်သက်ပြီး ရေးသားမှု၊ သမိုင်းသွင်းမှု တွေပါရှိပြီး ခရစ်တော်သည်အိန္ဒိယပြည်သို့သွားသည်။ တိဗက်ပြည်သို့သွားသည်ဟူ၍ သမိုင်းသွင်းရေးသားထားမှုမရှိပါ။ ထိုရာဇဝင်များသည် နောက်ပိုင်းမှထွင်လာသောရာဇဝင်များသာဖြစ်ပါသည်။
အခုတစ်ဖန် ခရစ်တော်ရှင်ရဲ့အုတ်ဂူသင်္ချိုင်းနဲ့ပတ်သက်ပြီး၊ ပါကစ္စတန်နိုင်ငံ၊ လာဟောမြို့တော်မှ၊ ဘုန်းတော်ကြီး အိနိုင်းယသ် ဘားနတ်ရဲ့လေ့လာတင်ပြဖြေထားချက်ကို၊ ၁၉၈၅ ခုနှစ် သြဂုတ်လ (၁၈) ရက်နေ့ထုတ် ပါကစ္စတန်နိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ် တဲ့ ဖက်ဆီလ်အာဘတ်မြို့မှထုတ်ဝေတဲ့ လစဉ်ထုတ် 'သာလာရှ်' မဂ္ဂဇင်းစာအုပ်ထဲက 'စပါယ်ရှယ်ယေဇူးနံဘာ'လို့ အမည်ရတဲ့ဖြေကြားချက် ကိုအခြေခံပြီးဖော်ပြပေးပါမယ်။ ပထမအချက်ကတော့ ဟေရုဒ်မင်းကြီး လိုက်လံသတ်ခဲ့လို့ ကလေးဘဝနဲ့အီဂျစ်ပြည်သို့ ပြေးခဲ့ရတဲ့ဘဝက လွဲရင် ခရစ်တော်ဘုရားရှင်ဟာ ပါလက်စတိုင်းနိုင်ငံအပြင်ဘက်ကို တစ်ခါမျှခရီးမထွက်ခဲ့ဘူးပါ။
ရှင်မာတေဦးဧဝံဂလိကျမ်း ၂၇း၅၇-၅၈ ထဲမှာ 'ညနေချိန်ရောက်လျှင် ယေဇူး၏တပည့်တစ်ဦးဖြစ်သည့် အာရီမာတေးယမြို့သား ဂျိုးဇက်အမည်ရှိ ချမ်းသြာ<ွကယ်ဝသူတစ်ဦးရောက်လာလေ၏။ သူသည် ပီလာတူးမင်းထံသို့သွားပြီးလျှင် သခင်ယေဇူး၏အလောင်း တော်ကိုတောင်းလေ၏၊ ထိုအခါ ပီလာတူးမင်းက၊ အလောင်းတော်ကိုသူ့အားပေးရန်အမိန့်ချလိုက်လေ၏'တဲ့။
ရှင်ယောဟန်ဧဝံဂလိကျမ်း ၁၉း၃၉-၄ဝ ထဲမှာ 'သခင်ယေဇူးထံတော်သို့ညချိန်တွင်လာသော နီကိုဒေးမုသည်လည်း မီးရာနှင့်မုတ် ရောထားသော၊ ဆီမွှေးနံသာပေါင်းအချိန်တစ်ရာခန့်ကို ယူဆောင်လာလေ၏။ သူတို့သည်လည်း ယေဇူး၏အလောင်းတော်ကိုယူဆောင် လာပြီးလျှင် ဂျူးလူမျိုးတို့၏သဂြိုလ်ခြင်းနှင့်ဆိုင်သော၊ ဓလေ့ထုံးစံအတိုင်း၊ နံ့သာမျိုးများနှင့်အတူ ပိတ်အဝတ်ဖြင့်ပတ်ရစ်ကြ၏'တဲ့။
ရှင်မာတေဦးဧဝံဂေလိကျမ်း ၂၇း၅၉-၆ဝ 'ဂျိုးဇက်သည် အလောင်းတော်ကိုယူဆောင်၍၊ ဖြူစင်သောပိတ်အဝတ်ဖြင့် ပတ်ရစ် ပြီးကျောက်ဆောင်တွင်ထွင်းထားသော မိမိပိုင်ဆိုင်သည့်သင်္ချိုင်းဂူအသစ်၌ ကိုယ်တော်၏အလောင်းတော်ကိုသွင်းထားလေ၏။ ထိုနောက် သူသည် သင်္ချိုင်းတွင်းအဝ၌ ကြီးမားသောကျောက်တုံးတစ်တုံးကိုလှိမ့်၍ပိတ်ထားခဲ့ပြီးမှ ထွက်ခွါသွားလေ၏။'
စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ဂျူးဘာသာရေးခေါင်းဆောင်များ၊ ဖာရီဇေဦးများဟာ ခရစ်တော်ယေဇူးဘုရား ရှင်ရဲ့ဘွဲ့နာမတော်ကို ဒီကမ္ဘာလောကကြီးထဲကနေချေဖျက်ပစ်ဖို့အတွက် ရောမဘုရင်ထံချဉ်းကပ်ပြီးတော့ သူဟာတတိယမြောက်တဲ့နေ့ မှာပြန်လည်ရှင်ပြန်ထမြောက်မယ်လို့ သူကိုယ်တိုင်ပြောခဲ့တယ်။ဒါကြောင့် အဲဒီသင်္ချိုင်းကိုအစောင့်အကြပ်ထားဖို့တောင်းခဲ့တယ်။ ဒါကြောင့် သင်္ချိုင်းဂူကိုအစောင့်ချထားခဲ့ပါတယ်။
ရှင်မာတေဦးဧဝံဂလိကျမ်း ၂၇း၆၆ 'ထိုကြောင့်သူတို့သည်လည်းသွားကြ၍ကျောက်တုံးကိုတံဆိပ်ခပ်နှိပ်ကာ အစောင့်များချထား ကြလျက် သင်္ချိုင်းဂူကိုလုံခြုံအောင်စောင့်ကြပ်စေကြ၏။' ဘုရားတန်ခိုးတော်နဲ့ပြန်ရှင်ထမြောက်တော်မူခြင်းကိုပင် အစောင့်အကြပ်တွေကို ငွေပေးပြီးနှုတ်ပိတ်ခဲ့ကြတာကိုပင် ရှင်မာတေဦးဧဝံဂေလိကျမ်း ၂၈း၁၁-၁၅ ထဲမှာလေ့လာဖတ်ရှုရပါတယ်။ ဘယ်လိုပဲသူတို့နှုတ်ပိတ်ပိတ် ဂျူးလူမျိုးတွေရဲ့ယဇ်ပုရောဟိတ်နဲ့မင်းမျိုးမင်းနွယ်ဖြစ်တဲ့ သူတို့ရဲ့မျိုးရိုးနွယ်ဘွားဖြစ်တဲ့ သမိုင်းဆရာကြီး င်္ူလေငကျဲသျနစ့ကျ ကတော့ သူ့ရဲ့သမိုင်းအရေးအသားထဲမှာ တတိယမြောက်တဲ့နေ့မှာ သေခြင်းမှတစ်ဖန်ပြန်လည်ရှင်ပြန်ထမြောက်ပြီး မိမိ၏နောက်လိုက်တပည့်တော် များကို ကိုယ်ထင်ရှားပြတဲ့အကြောင်းများကို သမိုင်းသွင်းဖော်ပြထားပါတယ်။
ခရစ်တော်ရှင်ရဲ့ဂူသင်္ချိုင်းအစစ်အမှန်ရဲ့ ရာဇာဝင်သမိုင်းအကျဉ်းချုပ်ကို ခုနှစ်သက္ကရာဇ်များဖြင့် ဆက်လက်ပြီးလေ့လာကြ မယ်ဆိုရင် ခရစ်တော်ဘုရားရှင်ရဲ့ အလောင်းတော်မြှုပ်နှံရာသင်္ချိုင်းဂူဟာ ခြေရာလက်ရာမပျက်နဂိုရှိရင်းအတိုင်း ဂျေရုဇလင်မြို့မှာယနေ့ ထိတိုင်တည်ရှိနေပါတယ်။ ကြည်ညိုလေးမြတ်ခြင်းအပြည့်အဝနဲ့ထိန်းသိမ်းထားပါတယ်။ သမိုင်းခုနှစ်ကာလများအလိုက် ဆက်လက်ပြီး ဖော်ပြပေးပါမည်။ အေဒီ ၃ဝ ခုနှစ်မှ အေဒီ ၇ဝ ခုနှစ်ကာလအတွင်း အစောပိုင်းကာလခရစ်ယာန်များဟာ ဂျူးလူမျိုးတွေရဲ့ညှင်းပမ်း နှိပ်စက်ခြင်းကိုခံနေကြရချိန်ဖြစ်ပေမယ့် တက်ြ<ွကတဲ့ခရစ်ယာန်အဖွဲ့အစည်းလေးတစ်ခုဖြစ်ခဲ့ပါတယ်။ အေဒီ ၄၃ ခုနှစ်မှာ ဟေရုဒ်အာဂရိ ပတ်ဘုရင်ဟာ ဂျေရုဇလင်မြို့ရိုးကိုတိုးချဲ့ပစ်လိုက်တဲ့အတွက်၊ ခရစ်တော်ရှင်အသက်စွန့်ရာကာလ်ဝါရီတောင်တော်နဲ့၊ အလောင်းတော်မြှုပ် နှံသင်္ဂြိုလ်ရာဂူသင်္ချိုင်းဟာ၊ ဂျေရုဇလင်မြို့တော်အပြင်ဖက်မဟုတ်တော့ပဲ၊ မြို့တွင်းဖြစ်သွားပါတော့တယ်။
အေဒီ ၇ဝ ခုနှစ်မှ အေဒီ ၁၃၄ ခုနှစ် ကာလအတောအတွင်းမှာတော့၊ ရောမအင်ပါယာရဲ့နေရိုးဘုရင်ဟာ ဂျေရုဇလင်မြို့တော်နဲ့ ဂျူးလူမျိုးတွေရဲ့ဂျေရုဇလင်ဘုရားဗိမာန်တော်ကြီးကို ဖျက်ဆီးပစ်ခဲ့ပါတော့တယ်။ ဒီလိုဖျက်ဆီးနေတဲ့ကာလမှာ လူနည်းစုလောက်သာ မြို့တွင်းမှာကျန်ခဲ့ကြပါတယ်။ အများစုကတော့ အသက်ဘေးမှလွတ်မြောက်ဖို့အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ဒီလိုဆိုး ရွားလှတဲ့အခြေအနေမှာပင် ခရစ်ယာန်များဟာ ခရစ်တော်ရှင်မြုပ်နှံခဲ့ရာနဲ့သုံးရက်မြောက်တဲ့နေ့သေခြင်းမှ ပြန်လည်ရှင်သန်ထမြောက် တော်မူခဲ့ရာဂူသင်္ချိုင်းသို့ ဘုရားဖူးသွားရောက်ခဲ့ကြတာကို သမိုင်းထဲမှာဖော်ပြထားတာကို လေ့လာသိရှိခဲ့ရပါတယ်။ သမိုင်းအရဆိုလျှင်၊ အဲဒီလိုခေတ်ကာလမှာပင် ဘုရားဖူးများလာရောက်ခဲ့ကြလို့၊ အချို့သောပုဂ္ဂိုလ်များဟာ ခရစ်တော်ရှင်ရဲ့သင်္ချိုင်းဂူအနီးအနားမှာ၊ စီးပွားဖြစ် တည်းခိုခန်းများကိုဆောက်လုပ်ခဲ့ကြတယ်လို့လည်း ဂျေရုဇလင်မြို့ရဲ့သမိုင်းကဏ္ဍမှာရေးသားထားတာကိုလည်း မှတ်သားရပြန်ပါတယ်။
ခရစ်သက္ကရာဇ် အေဒီ ၁၃၅ ခုနှစ်မှ အေဒီ ၃၂၄ ခုနှစ်ကာလအတောအတွင်းမှာတော့ ဂျူးလူမျိုးတွေရဲ့တော်လှန်ပုန်ကန်ခြင်း ပြီးချိန်ဖြစ်ပါတယ်။ ဒီလိုတော်လှန်လို့အပြီးမှာတော့ ရောမအင်ပါယာရဲ့ဧကရာဇ်ဘုရင်ံေိမငညေ ဟာ ဂျေရုဇလင်မြို့တော်ကိုပြန်လည် တည်ဆောက်ခဲ့ပြီး၊ ခရစ်တော်ရှင်ရဲ့သင်္ချိုင်းဂူကိုခြံရံလျက် ဃကစငိ လို့ခေါ်တဲ့ ရောမလူမျိုးတွေရဲ့ဖူးစာရေးနတ်ကလေးရဲ့ရုပ်ထု၊ မြန်မာ လိုအခေါ်ကတော့ ဖူးစာနတ်မျှားနတ်မောင်ရုပ်ထုနဲ့၊ ဠနညကျ နတ်ဘုရားရုပ်ထုနှစ်ဆူတို့ကို တည်ထားကိုးကွယ်စေခဲ့ပါတယ်။ အဲဒီနေရာမှာပဲ လုံးခြမ်းပုံအခုံးကြီးပါတဲ့ခေါင်မိုးနဲ့ အဆောက်အဦးဗိမာန်ကြီးကိုလည်းဆောက်လုပ်ခဲ့ပါတယ်။ အဲဒီဗိမာန်တော်ကြီးရဲ့တောင်ဖက်ခြမ်း ခပ်ယွန်းယွန်းမှာတော့ လူထုအတွက်ဈေးကြီးကိုတည်ဆောက်ပေးခဲ့ပါတယ်။ ဘာကြောင့် ဒီလိုနတ်ဘုရားရုပ်နှစ်ဆူကိုတည်ထားရခြင်း၊ ကြီးမားလှတဲ့ဈေးကြီးနဲ့ အဆောက်အဦးဗိမာန်ကြီးကိုတည်ဆောက်ရခြင်းနဲ့ပတ်သက်ပြီး သမိုင်းကဖော်ပြထားပြန်ပုံကတော့၊ ရောမဧကရာဇ် ဘုရင်ံေိမငညေ ဟာ ခရစ်တော်ရဲ့သင်္ချိုင်းဂူသို့ လူတွေတစ်ဖွဲ့ဖွဲ့နဲ့သွားရောက်ဆုတောင်းကြတာကို မနှစ်ချိုက်၍ဒီလိုနတ်ဘုရား ရုပ်ပွားများနဲ့ ဗိမာန်အဆောက်အအုံ၊ ဈေးတို့ကိုဆောက်လုပ်ပြီး ခရစ်တော်ရဲ့သင်္ချိုင်းကို ဆီးကာပိတ်ဆို့လိုက်ဖို့ဖြစ်တယ်လို့ သမိုင်းမှာ ထပ်မံပြီးလေ့လာရပြန်တယ်။ ဘယ်လိုကာရံမှုတွေပြုပြု ခရစ်တော်ဘုရားရှင်ကိုယုံကြည်သက်ဝင်သူ ခရစ်ယာန်တွေအတွက်တော့ မရရနိုင် တဲ့နည်းနဲ့အရောက်သွားခဲ့ကြပြီး သဒ္ဒါကြည်ညိုလေးမြတ်မှုကိုပြုခဲ့ကြပါတယ်။
ခရစ်သက္ကရာဇ် ၃၂၅ ခုနှစ်မှ ၆၁၃ ခုနှစ်အတွင်းမှာတော့ ကွန်စတန်တင်ဧကရာဇ်ဘုရင်ကနေ ခရစ်ယာန်ဘာသာကို ရောမအင် ပါယာကြီးတစ်ခုလုံးရဲ့ တရားဝင်နိုင်ငံတော်ဘာသာအဖြစ် ကြေညာပေးခဲ့ပါတယ်။ ဧကရာဇ်ဘုရင့်ရဲ့မယ်တော်ဖြစ်သူ ဟဲန်လဲန်နားဟာ ပါလက်စတိုင်းတစ်ခွင်ကိုလှည့်လည်ခဲ့ပြီး အထူးသဖြင့် ခရစ်တော်ဘုရားရှင်ရဲ့အသက်တော်စွန့်ရာကာလဝါရီတောင်နဲ့ ခရစ်တော်ရှင်ရဲ့ သင်္ချိုင်းဂူတို့ကို နဂိုမူရင်းအခြေနေသို့ ပြန်ရောက်သည့်တိုင်အောင် စွမ်းဆောင်ကြိုးပမ်းခဲ့ပါတယ်။ ကွန်စတန်တင်ဧကရာဇ်ဘုရင်ကနေ ဘုရားဖူးဌာနအဖြစ် မွမ်းမံမှုများပြုလုပ်နိုင်ရန်အမိန့်တော်ချမှတ်လျက် တိုင်းသူပြည်သားများကိုပင် ပုံမှန်ဘုရားဖူးသွားရောက်နိုင်ကြရန် အားပေးအားမြောက်မှုများပြုခဲ့ကြောင်း သမိုင်းကိုလေ့လာသိရှိရပါသည်။ ကွန်စတန်တင်ဧကရာဇ်ဘုရင်ရဲ့အမိန့်တော်အတိုင်း၊ ကာလ်ဝါရီ တောင်နှင့်ဂူသင်္ချိုင်းကိုငုံ၍ တစ်စပ်တည်းဘုရားရှိခိုးကျောင်းဗိမာန်တော်ကြီးကို တည်ထားဆောက်လုပ်စေခဲ့ပါသည်။ အဲဒီဘုရားရှိခိုး ကျောင်းဗိမာန်တော်ကြီးကို သခင်ဘုရားသေခြင်းမှပြန်လည်ရှင်ပြန်ထမြောက်တော်မူသည့် ဘုရားရှိခိုးကျောင်းဗိမာန်တော်လို့ ဘွဲ့နာမခေါ် တွင်စေခဲ့ပါတယ်။ အေဒီ ၄၂ဝ ခုနှစ်မှာတော့ ခရစ်တော်ရှင်ရဲ့ဂူသင်္ချိုင်းအပေါ်တည့်တည့်မှာ လုံးခြမ်းပုံရှိခေါင်အမိုးခုံးကြီးကို ဆောက် လုပ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းကဖော်ပြထားပါတယ်။
အေဒီ ၆၁၂ ခုနှစ်မှ အေဒီ ၁၁၄ဝ ခုနှစ်အတွင်းမှာတော့၊ ပါရှန်ဘုရင်များဟာ ခရစ်တော်သင်္ချိုင်းဂူအနီးနားတစ်ဝိုက်ရှိအဆောက် အအုံများကိုဖျက်ဆီးခဲ့ရာ ခရစ်တော်ရှင်ရဲ့ဂူသင်္ချိုင်းကိုငုံ၍ဆောက်ထားသော ဗိမာန်တော်ကြီးလည်းအနည်းငယ်ဖျက်ဆီးခြင်းခံခဲ့ရပါ တယ်။ သို့သော် မူရင်းပုံမပျက်နဂိုအတိုင်းရှိခဲ့ပါတယ်။ အေဒီ ၁၁၄ဝ ခုနှစ်မှ အေဒီ ၁၈ဝ၈ ခုနှစ်အတွင်းမှာတော့၊ အထူးသဖြင့်ခရူးဆိတ် ဘာသာရေး စစ်ပွဲကာလအတွင်းမှာ ၊ ၁၂၄၄ ခုနှစ်မှာတစ်ကြိမ်၊ ၁၃၁ဝ ခုနှစ်မှာတစ်ကြိမ်၊ ၁၄ဝဝ ခုနှစ်မှာတစ်ကြိမ်၊ ၁၇ဝ၉ ခုနှစ်မှာ တစ်ကြိမ် (၆) ကြိမ်တိတိ ဘုရားကျောင်းဗိမာန်တော်ကြီးဟာဖျက်ဆီးခြင်းခံရပေမဲ့ ခရစ်တော်ရှင်ရဲ့ဂူသင်္ချိုင်းတော်ဟာပျက်စီးခြင်းမရှိ၊ နဂိုမူရင်းအတိုင်းရှိခဲ့တယ်လို့ သမိုင်းမှာလေ့လာရပြန်ပါတယ်။ ခရစ်သက္ကရာဇ် ၁၈ဝ၈ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အတွင်း သမိုင်းလေ့လာချက် အရကတော့ ခရစ်တော်ဘုရားရှင်ရဲ့ဂူသင်္ချိုင်းအပေါ်တည့်တည့်မှာတည်ထားတဲ့ လခြမ်းပုံရှိခေါင်မိုးအခုံးကြီးဟာ၊ အကြိမ်ကြိမ်မီးလောင်မှု များရှိခဲ့သလို အကြိမ်ကြိမ်ပြန်လည်ပြင်ဆင်မှုများပြုခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ ခရစ်တော်ရှင်ရဲ့တပည့်သာဝက တမန်တော်များ လက်ထက်မှသည် ယနေ့ထိတိုင်ခရစ်ယာန်များ တစ်ဖွဲဖွဲဘုရားဖူးထွက်ခဲ့ကြပါတယ်။ ခရစ်တော်ဘုရားရှင်ရဲ့ဂူသင်္ချိုင်းဟာ အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားနယ်မှာမဟုတ်ပါဘူး။ ဂျေရုစလင်မြို့မှာသာဖြစ်ကြောင်း သမိုင်းအထောက်အထား၊ ခုနှစ်အထောက်အထားများနဲ့ဖြေကြား လိုက်ရပါတယ်။ မျက်မှောက်ခေတ်ဘုရားဖူးစာရင်းများကိုရှု့လိုက်ပါက သန်းပေါင်းများစွာဆိုတာသိရပါတယ်။

11:59 PM
Bro. Htwal Sei Myint
0 comments:
Post a Comment